Marketplace

နှလုံးစင်တာ

ဖရာထိုင်း2 ဆေးရုံတွင် နှလုံးရောဂါဝေဒနာရှင်များအားလုံးအတွက် အရေးကြီးသည့် အရေးပေါ်ကာလအတွင်း ကုသစောင့်ရှောက်ပေးနိုင်ရန်အတွက် နိုင်ငံတကာအသိအမှတ်ပြု ဆရာဝန်များကို တစ်ပတ်လျှင် 24 နာရီ အသင့် ထားရှိပေးထားပါသည်။ ၄င်းတို့သည် အတွေ့အကြုံမြင့်မားပြီး ကောင်းမွန်စွာ လေ့ကျင့်သင်ယူထားကြသည့် ဆရာဝန် နှင့် သူနာပြုများဖြစ်ကြသည်။ စင်တာကြီးတွင် 24 နာရီစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဟိုက်ဘရစ် ခွဲစိတ်ခန်း အပါအ၀င် နောက်ဆုံးပေါ်နည်းပညာအသုံးပြု အထူး catheterization (နှလုံးတွင်း ပြွန်သေးသွင်း၍ နှလုံး မည်မျှ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြောင်း စမ်းသပ်စစ်ဆေးခြင်း) စမ်းသပ်ခန်းလည်းရှိပါသည်။ ဆန်းသစ်သည့် နည်းပညာဖြင့် နည်းနိုင်သမျှအနည်းဆုံး နှလုံးအားခွဲစိတ်ကုသခြင်း၊ နှလုံးသွေးလွတ်ကြော ခွဲစိတ်ခြင်း (off-pump surgery)၊ နှလုံးအပေါက်ကို ထီးပုံသဏ္ဍာန် ဒစ်ပြားဖြင့် မခွဲမစိတ်ရပဲဖာထေးခြင်းများကိုလည်း ဤစင်တာတွင် ပြုလုပ် နိုင်ပါသည်။ ထို့ကြောင့်၊ လူနာများသည်လည်း ပိုမိုကောင်းမွန်သည့် ကုသမှုကို ခံယူရရှိသကဲ့သို့ ပိုမိုလျင်မြန်စွာဖြင့် ပြန်လည်နာလန်ထူနိုင်မည်ဖြစ်ပါသည်။ ၄င်းပြင်၊ နေ့စဉ် လုပ်ငန်းဆောင်တာများကို လူသာမာန်ကဲ့သို့ပြန်လည် ဆောင်ရွက်နိုင်စေရန်အတွက် ကျွမ်းကျင်သူများဦးစီးသော ပြီးပြည့်စုံသည့် ပြန်လည်ထူထောင်ရေးအစီအစဉ်များ လည်းရရှိနိုင်ပါသည်။ 
 
ကျွန်ုပ်တို့ ၏ ပံ့ပိုးထားရှိမှုများ 
ရွေ့ လျား CCU (နှလုံးသွေးလွတ်ကြော စောင့်ရှောက်မှု ယူနစ်): အရေးပေါ်အခြေအနေများအတွက်၊ အထူးသဖြင့် နှလုံးရောဂါနှင့် ဆိုင်သည့်အခြေအနေများအတွက် ရွေ့လျား နှလုံး သွေးလွတ်ကြောစောင့်ရှောက်မှု ယူနစ် လူနာတင် ယာဉ်အား ထားရှိထားပါသည်။ ထိုလူနာတင်ယာဉ်တွင် အသက်ရှူ ကိရိယာ၊ နှလုံးခုန်နှုန်းစောင့်ကြည့်စက် (EKG monitor)၊ ခန္ဓာကိုယ်တွင်းရှိ အောက်ဆီဂျင်တိုင်းတာစက် (Pulse oximeter)၊ နှလုံးရောဂါဝေဒနာရှင်များ၏ အသက်များကို ကယ်တင်ရာတွင်အရေးကြီးလှသည့် သွေးလှည့်ပတ်မှုစနစ် အတွင်းသို့အရည်၊ ဆေးဝါး၊ အစာ အာဟာရ များဖြည့်သွင်းပေးသည့် Infusion pump စက် အစရှိသည်ဖြင့် ပစ္စည်း ကိရိယာအပြည့်အစုံပါဝင်ပါသည်။ ကျွမ်းကျင် ဆရာဝန်နှင့် သူနာပြုများမှလည်း လူနာများ၏အရေးပေါ်အခြေအနေတွင် ဆေးရုံသို့ပို့ဆောင်ရာ၌ လူနာ အားလိုက်ပါစောင့်ရှောက်မည်ဖြစ်ပါသည်။ ထို့ကြောင့် အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်အားလျော့နည်းစေမည် ဖြစ်ပါသည်။ 
ဟိုက်ဘရစ် ခွဲစိတ်ခန်း: ဟိုက်ဘရစ် ခွဲစိတ်ခန်းအား အခြေအနေတိုးတက်ကောင်မွန်စေမည့် နည်းလမ်း (interventional approach) ကို ခွဲစိတ်ခန်းတွင်းရှိ စဉ်လာအတိုင်း ခွဲစိတ်ကုသမှုဆိုင်ရာ နည်းလမ်းဖြင့်ပေါင်းစည်းရန် ဖန်တီးထားခြင်းဖြစ်ပြီး၊ နှလုံး အထူးကုသမားတော်ကြီးအား နည်းနိုင်သမျှ အနည်းဆုံး ထိုးဖောက် သို့မဟုတ် ခွဲစိတ် ရသည့် နည်းလမ်းနှင့် (ခန္ဓာကိုယ်အားဖွင့်၍) ခွဲစိတ်ရသည့်နည်းလမ်းများကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်စေမည် ဖြစ်ပါသည်။ စည်းကမ်းဥပဒေမျိုးစုံ ချဉ်းကပ်နည်း (multidisciplinary approach) အသုံးပြုသောကြောင့် ခန္ဓာကိုယ်တွင်းပိုင်းဆိုင်ရာ ဓာတ်ရောင်ခြည်ပညာရှင်များ (interventional radiologists)၊ ခွဲစိတ်အထူးကုများ နှင့် မေ့ဆေးဆရာဝန်များမှ အတူတကွ ပိုမိုဘေးကင်း လျင်မြန်စွာဆောင်ရွက်နိုင်ပြီး၊ ပိုမိုထိရောက်သည့် ၀န်ဆောင်မှုများ ကိုလည်းပေးစေနိုင်ပါသည်။ C-Arms၊ CT စကင်နာ နှင့် MRI စကင်နာများ စသည့် ခေတ်မီတိုးတက်သည့် ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်စက်များလည်း ရှိသည့်အတွက် နည်းနိုင်သမျှအနည်းဆုံး ထိုးသွင်းခွဲစိတ်ရသည့် ခွဲစိတ်မှု များကိုဆောင်ရွက်နိုင်သောကြောင့် လူနာများအတွက်လည်း စိတ်ထိခိုက်ခံစားရမှု သိသိသာသာလျော့နည်းစေသည့် အပြင်၊ အမာရွတ်ထင်ကျန်ရစ်မှုလျော့နည်းစေခြင်း၊ ဆေးရုံတွင် အချိန်ပိုမိုတိုတောင်းစွာနေထိုင်ရခြင်းနှင့် ပိုမိုလျင်မြန် စွာဖြင့် ပြန်လည်နာလန်ထူလာနိုင်ခြင်း စသည့် ရလဒ်များကိုထွက်ပေါ်လာစေပါသည်။ 
ကျွန်ုပ်တို့ ၏ ၀န်ဆောင်မှုများ 
 
နှလုံးရောဂါ စမ်းသပ်စစ်ဆေးရှာဖွေခြင်း 
နှလုံးအခြေအနေကို စမ်းသပ်စစ်ဆေးရာတွင် နည်းလမ်းပေါင်းများကို အသုံးပြုနိုင်ပါသည်။ ၄င်းတို့သည် ရိုးရှင်းပြီး ထိုးဖောက်ရခြင်းလည်းမရှိ၊ အန္တရာယ် ဖြစ်ပေါ်စေနိုင်ခြင်းလည်းမရှိပါ။  
    • နှလုံး ECG/EKG ဆွဲခြင်း (Electrocardiogram) 
    • နှလုံး အက်ခိုး ရိုက်ခြင်း (Echocardiogram) 
    • နှလုံးနှင့် နှလုံးသွေးကြောများပုံကို ပုံရိပ်ဖော်ခြင်း (CT angiogram) 
 
လူနာတွင် နှလုံးသွေးလွတ်ကြောဆိုင်ရာ ရောဂါဖြစ်ပေါ်နိုင်ပါက နောက်ထပ်ပြုလုပ်နိုင်သည့် စမ်းသပ်စစ်ဆေးမှုမှာ:

    • CAG (Coronary Angiogram) ရိုက်စမ်းသပ်စစ်ဆေးခြင်း ဖြစ်ပါသည်။ 
 
နှလုံးရောဂါ ကုသမှု နှင့် ခွဲစိတ်မှု : အောက်ပါ နှလုံးသွေးကြောချဲ့ နည်းလမ်းများ 
 
    • ပြွန်သေးသွင်း နှလုံးသွေးကြောချဲ့ ခြင်း (Percutaneous Coronary Intervention (PCI))
    • သွေးလွတ်ကြော ခွဲစိတ်ခြင်း (Coronary Artery Bypass Surgery (CABG))
    • ပိတ်ဆို့ နေသည့် နှလုံးသွေးလွတ်ကြောချဲ့ ခြင်း (Percutaneous transluminal coronary angioplasty (PTCA)) 
    • ပူဖောင်းအသုံးပြု နှလုံးသွေးကြောချဲ့ ခြင်း (Balloon angioplasty) 
 
ကျွန်ုပ်တို့ ၏ နှလုံးစင်တာတွင် နှလုံးနှင့် ရင်ခေါင်း ခွဲစိတ်မှုများကို ပြုလုပ်ဆောင်ရွက်ပေးနေပါသည်။ 
    • ပင်မသွေးလွှတ်ကြောအားခွဲစိတ်ပြုပြင်ခြင်း (Abdominal aortic stent or open aortic repair)
    • နှလုံးအဆို့ ရှင် ပြုပြင်ခြင်း/အစားထိုးခြင်း (Valve repair/replacement)
    • နှလုံးခုန်စက် ခွဲစိတ်တပ်ဆင်ခြင်း (Pacemaker implantation) 
    • နှလုံးအဆို့ အား TAVI (Transcatheter Aortic Valve Implantation) နည်းအသုံးပြုခွဲစိတ်ပြုပြင်ခြင်း
    • သွေးလွှတ်ကြောအား Thoracic Endovascular Aortic Repair (TEVAR) နည်းအသုံးပြုခွဲစိတ်ပြုပြင်ခြင်း
    • သွေးလွှတ်ကြောအား Endovascular Aneurysm Repair (EVAR) နည်းအသုံးပြုခွဲစိတ်ပြုပြင်ခြင်း 
 
တည်နေရာ နှင့် ၀န်ဆောင်မှု အချိန် 
နေ့ စဉ် ၀န်ဆောင်မှု အချိန်: တနင်္လာ၊ စနေ၊ တနင်္ဂနွေ နံနက် 7.00 နာရီ - ညနေ 6.00 နာရီ
            အင်္ဂါ - သောကြော နံနက် 7.00 နာရီ - ညနေ 8.00 နာရီ
တည်နေရာ: ဖရာထိုင်း 2 ဆေးရုံ၊ 12 ထပ်၊ အဆောက်အဦး  A
ဆက်သွယ်ရန်:  ဖရာထိုင်း ကောလ်စင်တာ 1772၊ သို့ မဟုတ် +66 (0) 2617-2444 ext. 4735-6 သို့ ဖုန်းခေါ်ဆို ပါ။

Partner's Doctor

Assoc. Prof. Dr. Kittichai Luengthaviboon

Cardiothoracic surgery (Heart and Lung Surgery), Aorta Surgery, Aortic Aneurysm, Heart and Lung transplantation, Minimally Invasive CVT Surgery, Valve repair and replacement

Dr.Amorn Jongsathapongpan

Cardiology, Coronary angiography, Percutaneous Coronary Intervention

Dr.Nitipol Piyasirisilp

General Cardiology, Pacemaker and Ablation Therapy

Dr.Pongthorn Suandork

Cardiology, Interventional Cardiology

Dr.Suchat Sricholwattana

Intervention Cardiology

Dr.Thanaphum Phongkitphisan

Interventional Cardiology

Dr.Chusak Nudaeng

Cardiothoracic Surgery

Programs & Promotions

Coronary Angiography (In-Patient Case)

Coronary Angiography (In-Patient Case)

A procedure that uses a special dye (contrast material) and x-rays to see how blood flows through the arteries in your heart used to detect coronary artery disease.

Coronary Angiography (Out-Patient Case)

Coronary Angiography (Out-Patient Case)

A coronary angiography or coronary angiogram is a diagnostic procedure using X-rays and a special dye to visualize the inside of your coronary arteries to identify narrowed or blocked coronary arteries which can lead to many heart conditions.